အာနန္ဒာဘုရား

 အာနာန္ဒာ


ဘုရားဒါယကာ ကျန်စစ်သား


အာနန္ဒာသည် ပုဂံတွင် အနုပညာ လက်ရာမြောက်သော ဘုရားဖြစ်သည်။ စေတီပေါင်းတစ်ထောင်၊ဂူပေါင်းတစ်ထောင်၊လမ်းသုံးမြှောင်ဆိုစကားကဲ့သို့ စကားရှိသည်။ လှိုင်အတွင်းတွင် ပွင့်တော်မူပြီးသော ဗုဒ္ဓရပ်တော်မူလေးဆူအား ပူဇော်ထားသည်။ နှောင်းခေတ်ပြုပြင်မှု၊ ရှေးယခင်ထိန်းသိမိးမှု နည်းပါးခဲ့ခြင်းကြောင့် တောင်ဘက်မုခ် တစ်ဆူသာ မူလလက်ရာကျန်ရှိပါသည်။ရပ်တော်မူ ယခင်ထူးခြားချက်မှာ ဗုဒ္ဓရပ်ပွားတော်အား အဝေးမှ ဖူးမျှော်လျှင် ပြုံးတော်မူနေပြီး ဘုရားရှေ့နီးကပ်ဖူးမျှော်လျှင် တည်တံ့ပြနေသည်။ထိုအရာသည် ဗိသုကာဆရာတွေ၏ လက်ရာချီးချူးဖွယ်ဖြစ်ပါသည်။ ယခုအခါ တောင်ဘက်မုခ်တစ်ဆူသာ တွေ့မြင်နိုင်တော့သည်။ အာနန္ာအတွင်းရှိ တံခါးကြီးများသည်လည်း အံဩဖွယ်ရာတွေ့မြင်ရပါသည်။ထိုတံခါးမ‌ျားသည် ဘုရင်နောင်မင်း‌လက်ထက်ကောင်းမူတော်ဖြစ်သည်။လှိုင်အတွင်းရှိ နံရံပန်းချီများထုံးသုတ်မှုကြောင့် အာနန္ဒာ၏ အနုပညာများ ဆုံးရှုံးခဲ့ရသည်။ယခုအခါ ပညာရှင်များနှင့်ပြန်လည်ဖော်နေသည်ကိုလည်းတွေ့ရပါသည်။ အာနန္ဒာဘုရားအပြင်တွင် စဉ့်ကွက်များ ဖြင့်သေသပ်စွာကပ်ပူဇော်ထားသည်။ထိုတွင်ဇတ်တော်များပါသည်။အောက်ခြေတွင်း မာနတ်စစ်ချီခနိးမှ စ၍ အထက်ပစ္စယံတွင် ဗုဒ္ဓအောင်တော်မူခနိး စသဖြင့် ပုံဖော်ထားသည်။အတွင်းလှိုင်တွင် အုတ်ခွက်ဘုရားများပူဇော်ထားပြီး ထိုအရာတို့သည် ၅၅၀ ဇတ်နိပတ်များဖြစ်ပြီး ထွင်းထုထားသည်မှာ သဲကျောက်တူံးများဖြစ်သည်။ ပနက်တော်မှာ ကြက်ခြေခတ်ပုံစံဖြစ်ပြီး ဓမ္မရံကြီး ပနက်နှင့်တူပါသည်။ ပုဂံဘုရားများတွင် လေးဘက်မခ်ုပါ လှိုင်ဘုရား စတည်သောဘုရားလည်းဖြ့စ်သည်။

အာနန္ဒာဘုရားပွဲတော် ကျင်းပရာ ပြသိုလ်လပြည့်သည် ပုဂံဘုရားပွဲတော်တွင် အစည်းကားဆုံးဖြစ်ပြီး ထိုဘုရားသပိတ်လောင်းလှူပွဲကို ရွာအဝေးများမှ ည‌အိပ်ညနေ လှည်းပေါင်းမိုးများနှငိ့ လာကြသည်။



Comments

Popular posts from this blog

ပုဂံ ဓမ္မရံကြီးသမိုင်း