အာနန္ဒာဘုရား
အာနာန္ဒာ ဘုရားဒါယကာ ကျန်စစ်သား အာနန္ဒာသည် ပုဂံတွင် အနုပညာ လက်ရာမြောက်သော ဘုရားဖြစ်သည်။ စေတီပေါင်းတစ်ထောင်၊ဂူပေါင်းတစ်ထောင်၊လမ်းသုံးမြှောင်ဆိုစကားကဲ့သို့ စကားရှိသည်။ လှိုင်အတွင်းတွင် ပွင့်တော်မူပြီးသော ဗုဒ္ဓရပ်တော်မူလေးဆူအား ပူဇော်ထားသည်။ နှောင်းခေတ်ပြုပြင်မှု၊ ရှေးယခင်ထိန်းသိမိးမှု နည်းပါးခဲ့ခြင်းကြောင့် တောင်ဘက်မုခ် တစ်ဆူသာ မူလလက်ရာကျန်ရှိပါသည်။ရပ်တော်မူ ယခင်ထူးခြားချက်မှာ ဗုဒ္ဓရပ်ပွားတော်အား အဝေးမှ ဖူးမျှော်လျှင် ပြုံးတော်မူနေပြီး ဘုရားရှေ့နီးကပ်ဖူးမျှော်လျှင် တည်တံ့ပြနေသည်။ထိုအရာသည် ဗိသုကာဆရာတွေ၏ လက်ရာချီးချူးဖွယ်ဖြစ်ပါသည်။ ယခုအခါ တောင်ဘက်မုခ်တစ်ဆူသာ တွေ့မြင်နိုင်တော့သည်။ အာနန္ာအတွင်းရှိ တံခါးကြီးများသည်လည်း အံဩဖွယ်ရာတွေ့မြင်ရပါသည်။ထိုတံခါးများသည် ဘုရင်နောင်မင်းလက်ထက်ကောင်းမူတော်ဖြစ်သည်။လှိုင်အတွင်းရှိ နံရံပန်းချီများထုံးသုတ်မှုကြောင့် အာနန္ဒာ၏ အနုပညာများ ဆုံးရှုံးခဲ့ရသည်။ယခုအခါ ပညာရှင်များနှင့်ပြန်လည်ဖော်နေသည်ကိုလည်းတွေ့ရပါသည်။ အာနန္ဒာဘုရားအပြင်တွင် စဉ့်ကွက်များ ဖြင့်သေသပ်စွာကပ်ပူဇော်ထားသည်။ထိုတွင်ဇတ်တော်များပါသည်။အောက်ခြေတွင်း မာနတ်စစ်ချီခနိးမှ စ၍ အထက်ပစ္စယံတွင် ဗုဒ္ဓအောင်တ...