ပုဂံ ဓမ္မရံကြီးသမိုင်း
ဓမ္မရံကြီး
ပုဂံရောက်ရင် ပုဂံလည်ပတ်သူခရီးသွားတွေဟာ ဓမ္မရံကြီးဘုရားကို ရောက်အောင်သွားလေ့ရှိကြပါတယ်။ဘာကြောင့်လဲဆိုရင် ပုဂံမှာဆိုရင် ထုမှာ ဓမ္မရံ အမြင့်မှာ သဗ္ဗညု အနုပညာမှာ အာနန္ဒာ ဆိုပြီး ဆိုရိုးစကား ရှိသောကြောင့် ဓမ္မရံကြီးဟာ ပုဂံမှာ ထုထည်အကြီးဆုံးသော ဘုရားဆီကို သွားရောက်ကြပါတယ်။
ဓမ္မရံကြီးဘုရားဟာ နရသူမင်း၏ ကောင်းမှုတော်ဖြစ်ပြီး ပုဂံရာဇဝင်တွေထဲမှာ ထိုမင်းဟာ ရက်စက်သောဘုရင်တစ်ပါးအဖြစ်ကျော်ကြားခဲ့သောမင်းဖြစ်ပါတယ်။နရသူမင်းဟာ ဖခင်ဖြစ်သူအလောင်းစည်သူမင်းနာမကျန်းဖြစ်ဖြစ်ချိန် ထီးနန်းကိုတက်မက်စိတ်ကြောင့် လုပ်ကျန်ပြီး ထီးနန်းယူခဲ့တဲ့ မင်းလည်းဖြစ်ပါတယ်။ ဖခင်ကို လုပ်ကြံမှုကို အကိုတော်ဖြစ်သူဟာ သိခဲ့ရပြီး ထီးနန်းပြန်ယူမှာကို နရသူမင်းဟာ သိခဲ့ပြီး တဖက်လှည့်နည်းဖြင့် အကိုတော်ပြန်ခေါ်အပ်နှံရင်း စားတော်ပွဲမှာ အဆိပ်တော်ခတ်ပြီး ထပ်ပြီး လုပ်ကြံခဲ့ပြန်ပါတယ်။ဒါကြောင့် ပုဂံရာဇင်ဝင်မှာ ဖခင်နှင့်အကိုဖြစ်သူကို လုပ်ကြံမှုဖြင့်ရာဇဝင်မှာထင်ကျန်ခဲ့ရပါတယ်။ သို့သော်လည်း ပုဂံမှာ ယနေ့အထိ နရသူမင်း၏ ကောင်းမှုတော် ဓမ္မရံကြီးဟာ ယနေ့ခေတ်ခရီးသွားတွေကြားမှာ စိတ်ဝင်စားမှု ရှိနေပါတယ်။
ဓမ္မရံကြီးဟာ ထုထည်ကျစ်လစ်ပြီး ဓမ္မရံကြီးဘုရားကို

ဓမ္မရံကြီးဟာ ထုထည်ကျစ်လစ်ပြီး ပုဂံမှာရှိတဲ့ ဘုရားတွေထက်ပိုပြီး ခံ့ညားမှုရှိပါတယ်။ အဝေးမှ ကြည့်ရှုရင်လည်း ပိရမိစ်ဆန်ဆန်ပုံစံရှိပါတယ်။ ဘုရားအလှုရှင်ဟာ ဘုရားကိုပြီးအောင်အထိမတည်နိုင်ခဲ့ပါဘူး။ ဘုရားရဲ့ ပုံစံဟာ အာနန္ဒာဘုရား၏ အဆောက်အဦးပုံစံကို ယူပြီးတည်ဆောက်ထားပါတယ်။ပုဂံမှာရှိတဲ့ ဘုရားတွေထက်ပိုပြီး ခံ့ညားမှုရှိပါတယ်။ အဝေးမှ ကြည့်ရှုရင်လည်း ပိရမိစ်ဆန်ဆန်ပုံစံရှိပါတယ်။ ဘုရားအလှုရှင်ဟာ ဘုရားကိုပြီးအောင်အထိမတည်နိုင်ခဲ့ပါဘူး။ ဘုရားရဲ့ ပုံစံဟာ အာနန္ဒာဘုရား၏ အဆောက်အဦးပုံစံကို ယူပြီးတည်ဆောက်ထားပါတယ်။
မုခ်လေးမခ်ု၊ ဘုရားအတွင်းလျှောက်လမ်းကို အာနန္ဒာဘုရားလျှောက်လမ်းပုံစံတူ လမ်း သုံးလမ်းကို ထည့်ပြီး တည်ဆောက်ထားပါတယ်။
ဒါပေမယ့် ပထမဆုံးလျှောက်လမ်းကိုတော့ နရသူမင်းဟာ ပြန်လည်ပိတ်ထားခဲ့တာကို တွေ့ရပြန်ပါတယ်။ အချို့ရာဇဝင်တွေအရ ထိုမင်းဟာ ပထမလမ်းရှိဘုရားဆင်းတုတွေကိုယ်တိုင်ဖူးပြီး ပိတ်ခဲ့တယ်လို့ သိခဲ့ရပြီး အရှေ့မျက်နှာတွင်ရှိသော ရုပ်ပွားတော် တဆူသာ ထားရှိခဲ့တယ်လို့လည်း တွေ့ရှိထားပါတယ်။
အချို့သော ရာဇဝင်ပြောကြားချက်အရ ဘုရား၏ ထုထည်အား ထိန်းရန် ပြန်လည်ပိတ်ခဲ့ခြင်းဖြစ်တယ်လို့လဲ သိရှိရပါတယ်။
ဓမ္မရံတည်ခြင်းရည်ရွယ်ချက်မှာ နရသူကိုးကွယ်ခဲ့သော ဓမ္မရံသီ ကိုယ်တော်ဘုန်းတော်ကြီး သီတင်းသုံးနေထိုင်ရာကို မှီတင်းပြီး ရည်ရွယ်ဆောက်ခဲ့တယ်လို့လည်းသိခဲ့ရပြီး အချို့သောရာဇဝင်တွေမှာ နရသူမင်းဟာ ဖခင်နဲ့ အကိုတော်ကို လုပ်ကြံမှုကို သိသွားခဲ့တဲ့ ဓမ္မရံသီကိုယ်တော် ဟာ စိတ်ပျက်၍ သီဟိုကို ပြန်ကြွသွားသောကြောင့် ဘုန်းတော်ကြီး ဓမ္မသီကိုယ်တော် သီတင်းသုံးနေထိုင်သွားသည့်နေရာကို လွမ်းစွတ်တမ်းတပြီး တည်သော ကြောင့် ဓမ္မရံကြီးဟုခေ့ါ်တွင်ကြတယ်လို့သိရပါတယ်။
ပါးစပ်ရာဇဝင်တွေအရ ဓမ္မရံကြီးဟာ ဓားမရံမိလို့ ဓားမရံဘုရားလို့ ခေါ်တွင်ရာမှ ဓမ္မရံကြီးဟူ၍လည်း သိရပါတယ်။ နရသူမင်းနန်းတက်ချိန် မိဖုရားဖြစ်သောကုလားမင်းသမီးဟာ ဘုရင် ကို ယနေ့ခေတ်အခေ့ါ် အိမ်သာလက်ဆေးမှုမရှိသဖြင့် ညစ်ပတ်ကြောင်းလှောင်ပြောင်မှာကို ဒေါသထွက်ကာသတ်ပစ်ခဲ့ခြင်းနောက်မှ ထိုကုလားမင်းသမီးမျိူးဆက်မှ နရသူမင်း ဓမ္မရံဘုရားမှာ လှည့်ဖူးမျှော်စဉ် လုပ်ကြံခဲ့သဖြင့် နတ်ရွာစံခဲ့ရတယ်လို့လဲ သိခဲ့ရပါတယ်။ နရသူမင်းအနားမှာ နရသူဟာ ကိုယ်ရံတော် မထားခဲ့ချိန်လုပ်ကြံခဲ့ရသောကြောင့်လည်း ဓားမရံမိတာကြောင့် ဓားမရံကြီးဟူပြီး အမည်တွင်ရင်းမှ ဓမ္မရံဟူပြီး ယနေ့အထိ အမည်တွင်နေပါတယ်။
ဓမ္မရံဘုရားဟာ အုပ်စီလက်ရာတွေဟာအခြားဘုရားတွေထက်ကောင်းမွန်မှုဟာ အုတ်တချပ်နှင့်တချပ်ကြားအုပ်ထိုးခက်ရလောက်အောင်အထိ သိပ်သည်းဆကောင်းပါတယ်။ထိုကြောင့် အချို့ရာဇဝင်တွေမှာ အုပ်တချပ်ကြား အပ်ထိုးရခဲ့လျှင် လက်ဖြတ်အပစ်ပေးသည်အထိ ထိုဘုရားတည်ဆောက်ရမှာ အထူးကျပ်မှတ်မှုပြင်းထန်မှုရှိကြောင်းသိရပါတယ်။
ထိုကြောင့်ရာဇဝင်အကြောင်းအရာတွေပြည့်နှက်နေတဲ့ ဓမ္မကြီးဟာ အဝေးမှ ငေးကြည့်ရင်ကို ညို့ညို့နဲ့ လွမ်းဆွေးစရာကောင်းပြီး ခရီးသွားတွေအတော်များရဲ့ စိတ်ကို ယနေ့အထိ ဖမ်းစားခေါ်ဆောင်နိုင်သောကြောင့် ပုဂံတွင် ဓမ္မရံကြီးဟာ ထင်ရှားသော ဘုရားတွေမှာ စိတ်ဝင်စားဆုံးနေရာတခုအဖြစ်တည်ရှိနေပါတယ်။
ပုဂံရာဇဝင်ဟာ များစွာရှိတာကြောင့် ဖော်ပြပါ အကြောင်းတွေမှာ လိုအပ်ချက်ရှိခဲ့ရင် အမှားယွင်းပါခဲ့လျှင်ဖြည့်စွက်နားလည်ပေးပါရန်နှင့် အခြားအရာလေးတွေ လိုအပ်ရင် ကွန်မန့်မှာ အကြံပေးဖို့လည်း တေ
ာင်းဆိုပါတယ်။

Comments
Post a Comment