Posts

အာနန္ဒာဘုရား

Image
 အာနာန္ဒာ ဘုရားဒါယကာ ကျန်စစ်သား အာနန္ဒာသည် ပုဂံတွင် အနုပညာ လက်ရာမြောက်သော ဘုရားဖြစ်သည်။ စေတီပေါင်းတစ်ထောင်၊ဂူပေါင်းတစ်ထောင်၊လမ်းသုံးမြှောင်ဆိုစကားကဲ့သို့ စကားရှိသည်။ လှိုင်အတွင်းတွင် ပွင့်တော်မူပြီးသော ဗုဒ္ဓရပ်တော်မူလေးဆူအား ပူဇော်ထားသည်။ နှောင်းခေတ်ပြုပြင်မှု၊ ရှေးယခင်ထိန်းသိမိးမှု နည်းပါးခဲ့ခြင်းကြောင့် တောင်ဘက်မုခ် တစ်ဆူသာ မူလလက်ရာကျန်ရှိပါသည်။ရပ်တော်မူ ယခင်ထူးခြားချက်မှာ ဗုဒ္ဓရပ်ပွားတော်အား အဝေးမှ ဖူးမျှော်လျှင် ပြုံးတော်မူနေပြီး ဘုရားရှေ့နီးကပ်ဖူးမျှော်လျှင် တည်တံ့ပြနေသည်။ထိုအရာသည် ဗိသုကာဆရာတွေ၏ လက်ရာချီးချူးဖွယ်ဖြစ်ပါသည်။ ယခုအခါ တောင်ဘက်မုခ်တစ်ဆူသာ တွေ့မြင်နိုင်တော့သည်။ အာနန္ာအတွင်းရှိ တံခါးကြီးများသည်လည်း အံဩဖွယ်ရာတွေ့မြင်ရပါသည်။ထိုတံခါးမ‌ျားသည် ဘုရင်နောင်မင်း‌လက်ထက်ကောင်းမူတော်ဖြစ်သည်။လှိုင်အတွင်းရှိ နံရံပန်းချီများထုံးသုတ်မှုကြောင့် အာနန္ဒာ၏ အနုပညာများ ဆုံးရှုံးခဲ့ရသည်။ယခုအခါ ပညာရှင်များနှင့်ပြန်လည်ဖော်နေသည်ကိုလည်းတွေ့ရပါသည်။ အာနန္ဒာဘုရားအပြင်တွင် စဉ့်ကွက်များ ဖြင့်သေသပ်စွာကပ်ပူဇော်ထားသည်။ထိုတွင်ဇတ်တော်များပါသည်။အောက်ခြေတွင်း မာနတ်စစ်ချီခနိးမှ စ၍ အထက်ပစ္စယံတွင် ဗုဒ္ဓအောင်တ...

ပုဂံ ဓမ္မရံကြီးသမိုင်း

Image
 ဓမ္မရံကြီး ပုဂံရောက်ရင် ပုဂံလည်ပတ်သူခရီးသွားတွေဟာ ဓမ္မရံကြီးဘုရားကို ရောက်အောင်သွားလေ့ရှိကြပါတယ်။ဘာကြောင့်လဲဆိုရင် ပုဂံမှာဆိုရင် ထုမှာ ဓမ္မရံ အမြင့်မှာ သဗ္ဗညု အနုပညာမှာ အာနန္ဒာ ဆိုပြီး ဆိုရိုးစကား ရှိသောကြောင့် ဓမ္မရံကြီးဟာ ပုဂံမှာ ထုထည်အကြီးဆုံးသော ဘုရားဆီကို သွားရောက်ကြပါတယ်။ ဓမ္မရံကြီးဘုရားဟာ နရသူမင်း၏ ကောင်းမှုတော်ဖြစ်ပြီး ပုဂံရာဇဝင်တွေထဲမှာ ထိုမင်းဟာ ရက်စက်သောဘုရင်တစ်ပါးအဖြစ်ကျော်ကြားခဲ့သောမင်းဖြစ်ပါတယ်။နရသူမင်းဟာ ဖခင်ဖြစ်သူအလောင်းစည်သူမင်းနာမကျန်းဖြစ်ဖြစ်ချိန် ထီးနန်းကိုတက်မက်စိတ်ကြောင့် လုပ်ကျန်ပြီး ထီးနန်းယူခဲ့တဲ့ မင်းလည်းဖြစ်ပါတယ်။ ဖခင်ကို လုပ်ကြံမှုကို အကိုတော်ဖြစ်သူဟာ သိခဲ့ရပြီး ထီးနန်းပြန်ယူမှာကို နရသူမင်းဟာ သိခဲ့ပြီး တဖက်လှည့်နည်းဖြင့် အကိုတော်ပြန်ခေါ်အပ်နှံရင်း စားတော်ပွဲမှာ အဆိပ်တော်ခတ်ပြီး ထပ်ပြီး လုပ်ကြံခဲ့ပြန်ပါတယ်။ဒါကြောင့် ပုဂံရာဇင်ဝင်မှာ ဖခင်နှင့်အကိုဖြစ်သူကို လုပ်ကြံမှုဖြင့်ရာဇဝင်မှာထင်ကျန်ခဲ့ရပါတယ်။ သို့သော်လည်း ပုဂံမှာ ယနေ့အထိ နရသူမင်း၏ ကောင်းမှုတော် ဓမ္မရံကြီးဟာ ယနေ့ခေတ်ခရီးသွားတွေကြားမှာ စိတ်ဝင်စားမှု ရှိနေပါတယ်။  ဓမ္မရံကြီးဟာ ထုထည်ကျစ်လစ်ပြီး ဓမ္မရံ...